Saturday, March 1, 2014

ဒုက္ခ

အချစ်သည် သုခ ယောင် ဆောင် ထား
သော ဒုက္ခသာ ဖြစ်သည်။အချစ်ကြောင့်
ကျွန်တော့်နှလုံးသားသည် အစိတ်စိတ်
အမွှာမွှာ ကွဲကြေခဲ့ရပြီ။အသည်းကြေ
ပျက်ခဲ့ရပြီးပြီ။ဘဝမှာ ထပ်ပြီး မနာ
ကျင်တော့သည်မို့  အချစ်ကို စွန့် ပစ်
လိုက်ပါသည်။အချစ်မရှိဘဲ နေနိုင်
သည်။သူတစ်ပါးနှင့် ပေါင်းဖက် ယှဉ်
တွဲရသော ဒုက္ခသည်လည်းကောင်း၊
သူ့ တစ်ပါး အကြိုက်ကို ဆောင် ၍
မိမိ..စိတ်ဆင်းရဲရ သော ဒုက္ခသည်
လည်းကောင်း ...ပူလောင် ပါသည်။
ဒုက္ခကွာမှ သုခ ကြီးစိုးနိုင် လိမ့်မည်။
အမြင် မှန် ရသွားပြီ။

ကြေကွဲ

ငါ..နည်းနည်း..ကြေကွဲမိတယ်...။အချစ်က...ငါ့ကို..နာကျင်စေခဲ့ပြီ..
ရင်နာတော့..စိတ်လေးလံလာပြီးမျက်ဝန်းတို့ လည်း..ငိုက်စိုက်ကျ
လာတယ်။ကြာရင်..မျက်ရည်ကျမိတော့မယ်....တားမနိုင်တဲ့..ချစ်
လောင်ပူရည်တွေကို...ဘယ်လိုငြိမ်းသတ်ရမလဲ..ငါ..မစွမ်းပါ..
နှလုံးသားကို..တွန်းလှန်နိုင်စွမ်းမွေးရာမပါခဲ့.........................
ငါ.........ကြေကွဲနေပါတယ်........

ပူဆွေး

နှလုံးသားမှာ တိတ်တဆိတ်
တွယ်တာမိ သံယောဇဉ်
တစ်နေ့ နာကျင် မှာသိလျက်
မစွန့် ပစ် ရက်ခဲ့ဘူး........။
ရင် မှာသိမ်းဆည်းထပ်ပွားရင်း
အချစ်ကို ...........အရူးအမူး
ကိုးကွယ်မိခဲ့တယ်.......။
ဒါပေမယ့် ရခဲ့တဲ့ ဆုလာဘ်
နာကျင်ခြင်း ....... အတွက်
ပြင် ဆင် ခွင့် မရခဲ့ဘူး...။
ကျေနပ် ပါတယ်..
အချစ်မှာကြည်နူးမှု နဲ့ ကြေကွဲမှု
တစ်ခုခုကို သိရှိပြီးသားပါ ။
တိတ်တဆိတ်ကျ..မျက် ရည်ကို
သူ သိစရာ မလိုပါဘူး....။
အချစ်နတ်ဆိုးကို ပူဇော်ခြင်းသာ
သက်သက်သာ ဖြစ်တယ်....။
ပြီးဆုံးသွားတဲ့ ငါ့နှလုံးသားကို
အသက် အသွင်းချင် တော့ပါ..။
လူနာတစ်ယောက်လို ခံစားရတိုင်း
ဝမ်းနည်းပူဆွေးနေရတာကို
မကြည့်ရက် နိုင် တော့ပါ....။

မတည့်ချင်

လူတစ်ယောက်က ကိုယ်နဲ့  မတည့်လို့  နူတ်
မဆက် စကားမ ပြောရင် ရဲ ရဲ ဝံဝံသာ နူတ်
ဆက်ပြီး ပြုံးပြလိုက် ပါ။ကိုယ့်ဘက်က မှန်
ဖို့ တော့ လိုတယ်။သူက ဘာမှ မ ပြော၊ကိုယ့်
ကိုလည်း နူတ်မဆက်တော့ဘူးဆိုရင် စိတ်
ဓာတ်ပိုင်းမှာ အနိုင် ရ လိုက်ခြင်း တစ်မျိုးပဲ၊၊
စိတ်သ ဘောထားကြီးရာ ရောက်တယ်။မှန်
တဲ့ လူဟာ နူတ်ဆက် ရ မှာ ဘယ်တော့မှ
မ ကြောက်ဘူး။မှားတဲ့ လူ ဟာ နူတ် မဆက်
ရဲ ဘူး။
911Like ·

အသည်းပျောက်

ကျွန်တော့်အသည်းကို ရောင်းမလို့ 
နံနက် စောစော ၄ နာရီ ဈေးမှာ
ခဏ ထားပြီး အိမ်သာတက်နေခိုက်
...ပြန်ထွက်လာတဲ့ ချိန်မှာ သွေးစက
လွဲလို့  ဘာမှ မ တွေ့ ။ဘယ်ခွေး...
အဲ...မှားလို့ ..ဘယ် ကောင် မ လေး
ဆီ ရောက်နေပြီလဲ...သိဘူး။ပြန်ပေး
ကြပါဗျာ..ကျွန်တော်က တစ်ခြမ်းပဲ
ရောင်းမလို့ ပါ...ခုတော့ ခက်ပြီ....
ငိုသာ ငိုလိုက်ချင် တော့တယ်...အ မေ
ရယ်...

အချစ်ဖီလင်

အ ချစ် အ တွက် နဲ့  ခံ စား ခဲ့ ရ ဖူး တယ်။
ဘာ ကြောင့်  ခံ စား ရ လဲ ဆို တဲ့  အ ဖြေ
ကို ရှာ ဖွေ ခဲ့ တယ်။အဓိက က တော့ သမု
ဒ္ဒယ သစ္စာ လို့  ခေါ် တဲ့  သမု ဒ္ဒ ယ အ ချစ် ကို လို ချင် ကြ တာ ကြောင့် မ ရ တဲ့ 
ဆင်း ရဲ ကို ခံ စား ရ တာ ပါ။အ ချစ် နဲ့ 
မေတ္တာ ကို သ ရုပ် ခွဲ ကြည့် တယ်။
အ ချစ် ကို ရှာ ဖွေ လို့  စိတ် ဟာ မ အေး
ချမ်း နိုင် ပါ။မွန် မြတ် သန့် စင် တဲ့  မေတ္တာ
က သာ လျှင် ငြိမ်း ချမ်း မယ်။အ ချစ် မှ
သည် မေတ္တာ သို့ ကူး ပြောင်း နိုင် ဖို့  လို
တယ်။ကိုယ့် ကို မ ချစ် နိုင် ရင် မေ့ လိုက်
ရုံ ပါ ပဲ၊၊ဒါ ဟာ ခံ စား ရ တဲ့  ဆင်း ရဲ ကို
ဖြေ ရှင်း ခြင်း ပါ ပဲ ၊၊မေ့ မ ရ ဆို တာ ဟာ
စွဲ လမ်း တွယ် တာ စိတ် ကို မ လွင့် ပစ်
တတ် လို့ ပါ။တွယ် တာ စိတ် ကို ကျွန် တော်
ဖျောက် ပစ် လိုက် ချိန် မှာ အ ချစ် ဆို တာ
ကြေ ကွဲ ခြင်း နဲ့  အတူ ပျောက် သွား ရ တာ
ပါ။အ ချစ် ကို နေ ရာ တိုင်း မှာ တွေ့ နိုင်
တယ်။မေတ္တာ က ကိုယ် ထားတ တ်မှ ရ မယ့်
အ ရာ ပါ။
အ ချစ် နဲ့  ပတ် သက် တဲ့  မျှော် လင့် စိတ်
၊ဝမ်း နည်း မှု လဲ မ ရှိ တာ သိပ် ကောင်း
တယ် လို့  ခံ စား မိ တယ်။

ခွေးရေးတဲ့လူပျိုကြီးဖူးစာ

ချစ်နက် ကား ကျွန်တော့်အချစ်တော် ခွေး
ဖြစ်သည်။လမ်းဘေးမှာ ချမ်းရှာလွန်း၍
တဂိဂိ အော်မြည်နေ သော ခွေးငယ်က ဘဝ
ကို အမှတ် ရ စေသည်။တစ်ချိန်က ကျွန်
တော့ဘဝ လဲ တွယ် တာရာ ကင်းမဲ့စွာ
အထီးကျန် ပါသည်။ဘဝတူ ခွေးအဖြစ်
ကို များစွာ သနားသဖြင့်  ကျွေးမွေးထား
သည်မှာခုဆိုလျှင် ချစ်နက်ကား ခွေးပျို ဖား
လျားကြီးပင် ဖြစ်နေပါပြီ။ကျွန်တော်ကား
သို့ တိုင် အောင် လူပျိုကြီးဘဝနှင့် အသား
ထုတ်တုန်း။သုံးဆယ်ကျော်မှ အရိုးထုတ်
ပါမည်။ချစ်နက်ကား ရည်စားတော်တော်
များသည်။ဟို ခွေးမ ကို တွဲလိုက်၊ဒီခွေးမကို
တွဲလိုက်၊အတည် မတွဲသကဲ့သို့  အ ပျော်
လည်း မကြံ။ကျွန်တော်က သူ့ ကို...
"ချစ်နက်..ဟိုခွေးမ ကို တွဲလိုက် ဖြုတ်လိုက်
နဲ့ သိပ် မ ကောင်းဘူးထင် တယ်။တို့ လို
တစ်ယောက်ဆို တစ်ယောက် ပိတောက်ဆို
သစ္စာ ရှိရှိ
တွဲပေါ့ ..ဟုတ်ဘူးလား..."
"သခင် ကလဲဗျာ ..သခင် တို့ အတွက်
တော့ ကောင်းပါတယ်။ခွေးမ လေးတွေက
တစ်ယောက်တည်းကိုသာ တွဲရင် မစွမ်း
ဘူး ၊သိပ် အထင် သေးတာ"ဟု ပြန် ပြော
တတ်သည်။
ဟိုဘက် ရပ်ကွက်က ခွေးထီးတစ်ချို့ ကျွန်
တော် ဆီလာပြီး ချစ်နက်က သူတို့ ရဲ့ အ
ချစ်တွေကို လာပိုးကြ ကြောင်း တိုင် ကြ
သည်။ဆုံးမ ပေးမည့် အ ကြောင်း ပြန် ပြော
လိုက် ရသည်။
ကြာလည်း ကြာလာရော့ ချစ်နက် ကို
ခွေးမ လေးတို့ က ချဉ်လာသည်။ပြန်မ
ကြိုက် ကြ တော့။ကျွန်တော် လမ်းထွက်
တော့..ခွေးအလှ ပ ဂေးတွေ၏ စောင်းပြော
သံ ကြားရသည်။
"ဟို မှာ လာနေတဲ့ စောတင် မောင် ရဲ့ 
ဘဲစုတ်ကြီးပေါ့။တို့ ကို ခေါက်သွားတယ်။
သူလဲ သူ့ သခင် လို လူပျိုသိုးကြီးပဲ ဖြစ်
မှာ"
ကြားက အ ချောင် ခံ နေရသည်။ချစ်နက်
နှင့် အတူ ခွေးပျိုမ လေး အသိုင်း အဝိုင်း
အလယ်မှာ မျက် နှာ မပြချင် တော့။ဒီ
ကောင့် ကို ဆုံးမ ဖို့  စိတ်ကူးလိုက်တော့
ထမင်း မစားတာ သုံးရက် ရှိပြီ။ပိန်လိန် လို့ ။
ပထမ နေ့ က ခွေးတင်းကုတ် အောက်
ထပ် မှ ငို သံ ကြားရသည်။ကျွန်တော်လည်း
စိတ်ဆိုးနေခိုက် မို့  မ ချော့မိ။သွားကြည့်
တော့ တမှိုင် မှိုင် တငိုင် ငိုင် နှင့် ကြိတ်
ဆွေးနေပုံ ရသည်။မျက် ဝန်းတောင့် မှ
မျက် ရည်သွင် သွင် စီးကျ လို့ ။ကျွန်တော်
မခံနိုင် တော့ပေ။ချော့ ရသည်။
"မခံစားပါနဲ့  တော့ ချစ်နက် ရယ်။အချစ်
ဆိုတာ နောက်ထပ် လဲ တွေ့ မှာပဲ ၊၊ဆွေး
နေလို့  ဘာထူးမှာလဲ၊၊နောက် တကယ် မ
ချစ်ဘဲ မတွဲ နဲ့  တော့.ကွာ.."
အားတက်စွာနှင့် ကျွန်တော့်ကို တစ်ချက်
ပြန်ကြည့်သည်။ပြီးတော့ အားငယ်စွာပင်-
"အရမ်း ခံစားရတယ်။နောက်ဆုံးတွဲခဲ့တဲ့ ပ
ဂေးလေးကို အရမ်း ချစ်တာ..။သူ က ချဉ်
ပြီး ပစ်သွားတယ်။အသည်းတော့ ကွဲပါပြီ
သ ခင် ရယ်။ချစ်နက်တော့ ရည်းစားတစ်
ယောက် တောင် မ ရ လောက်တော့ပါဘူး။ညံ့လိုက်
တာ။ပြန် ကြိုက်မည့်သူ သာ မရှိတော့
ခွေးဖြစ် ရှုံးပြီ"ဟု ဆိုကာ ဆွေးနေပြန်သည်။
"ဘာပဲ ဖြစ်ဖြစ် ထမင်းတော့  စားလိုက်ပါ။
မင်းကြိုက်တဲ့ ကြက်သားဟင်း ချက်လာ
တယ်"
သူ မြိန် ရေ ရှိက် ရေ စားရှာသည်။သူ့ 
ဝမ်းနည်းပုံက လည်း ကျွန်တော်ကို စောင်း
ပြော နေသလိုလို။ကျွန်တော်ကလည်းရည်း
စား တောင် မရတတ်ဘဲ ဖြစ်ချင်းဖြစ် သူ
မဖြစ်ဘဲ ကျွန်တော်ပဲ လူဖြစ် ရှုံးမှာ။ကြိတ်
ကာ ငိုချင် နေမိသည်။ကျွန်တော်ကလည်း
ကြင် ဖော် ရှာမရ ၍ မြှားနတ် မောင် ကို
ကိုးကွယ် ထားသည်။အိမ် နောက်ဘက် ရှိ
မြေကွက်တွင် ချစ်နတ် ရှင် အတွက် သီး
သန့်  နေရာ ဆောက်ပေးထားသည်။ နှလုံး
သားအတွက်ကိုးကွယ်ထားခြင်းသာ။
ကံကောင်းလာရင်နတ်မ လို့  ချစ်သူ
ရနိုင် သည်ပင် မဟုတ်လား။
တစ်ပတ်လောက် ကြာတော့ ချစ်နက်က
ခြေငြိမ်သွားသည်။ကျွန်တော် အလုပ်သွား
လျှင် အိမ် မှန်မှန် စောင့်သည်။တော်တော်
လိမ္မာပေသည်။
အ ကြောင်းကား နောက်မှ ဗောက်အိုး
ပေါက်သလို ပေါ်လာလေ တော့သည်။ဟို
ဘက် ရပ်ကွက်က ပြောင်းလာသောအပျိုကြီး
တို့ မိသားစု မှာ ပါလာသော ခွေးဖြူမ လေး
နှင့် မိတ်ဆွေ ဖွဲ့ နေတာကိုး။ချစ်နက်က
Talk Key ကောင်းတော့ ခွေးဖြူမ လေး
မျှော သွားလိမ့်မည်။။ရည်းစား ရ တော့မည် မှာ
သေချာသည်။ကျွန်တော့် တပည့်လို့  မ
ပြောရဘူး။သူက စန်းတက်သည်။ကျွန်တော်
က ဘူးထ....အဲ...အချစ် ပရိယာယ် ကြွယ်
ဝသည်။ဒါကြောင့် ကြိုက်မည့်သူ မရှိတာ။
ပြောမဆုံးပါ။ချစ်နက်...ခွေးမ လေးနှင့် ရည်း
စား ဖြစ်သွားရုံမက တိတ်တဆိတ်ပါ ညား
နေကြသည်။အပျိုကြီးက ထုံးစံအတိုင်း
အပျို ဂွကျ...သဖြင့် ချစ်နက် ကို မောင်း
ထုတ် သည်။ကျွန်တော် ချစ်နက် ဘက်က
ခံပြင်းပြီး မခံ ချင် ဖြစ်မိသည်။ဒါကို ချစ်
နက်က သိတော့ ကျွန်တော်ကို မြှောက်
ပေးသည်။အပျိုကြီး ဘယ်လောက် စိတ်
ကောင်းကြောင်း၊ချောကြောင်း လှကြောင်း
ကော်ပင့်သည်။
"စိတ်မ ဝင် စားပါဘူးကွာ။အပျိုကြီးဆိုတာ
ဂွအဖိုးကွာ။ရှက်တိုး ရှက်ကန်းနဲ့ ..တကယ့်
ကို မဆာလာ ကျတယ်"
ဒီကောင် က အောက်ကျ မခံ။တစ်မျိုး
လှည့်ပြန်သည်။
"သခင် က စွမ်းမှ မစွမ်းတာ...."
ပြောပြီး ခပ်တည်တည် ကျွန်တော် ပြော
မည့် စကားကို စောင့် နေသည်။ကျွန်တော်
လည်း ဒေါသ ဖြင့် ရောက်မိ ရောက် ရာ
တွေ့  ကရာ စွတ်၍ ရမ်းမိသည်။အ ချစ်
ရေးမှာ ကံခေ ပြီး လူပျိုကြီးဂုဏ်ကိုပင်
ညီတစ်ဖြစ်လဲ မွေးထားသော ချစ်နက်က
လှောင် လေပြီ။ရှက် စိတ်ဖြင့် အပျိုကြီးကို
ရ အောင် ယူပြမယ်ကွာ ဟု ကြုံးဝါးတော့
ချစ်နက်က ကခုန် မြူးတူးနေ တော့သည်။
ကျွန်တော် သိ ရ သ လောက်တော့ ချစ်
နက်၏ တိုက်တွန်းမှုကြောင့် သူ့ မိန်းမ ခွေး
ဖြူမ လေးသည်သူ့ သခင် မ အပျိုကြီးအား
ကျွန်တော် နှင့် အောင် သွယ်နေသည်ဟု
ကြားသည်။အပျိုကြီးနှင့် တွေ့ တိုင်း မခုန်
ဖူးသော ရင် မှာ စက်သေနပ်ကဲ့သို့  တ
လှပ် ခုန် ရသည်။အပျိုကြီးက လည်း
မခို့ တရို့ နှင့် အပြုံးပေးသွားသည်။ရှက်
လိုက်လေ...အပျိုကြီးရယ်..။
"အပျိုကြီးရယ်..မင်းကို ကိုယ်တော့ ချစ်မိ
ပြီ။နွယ်လို လှတဲ့ မင်းဆံနွယ်.ကို နမ်းရှိုက်
ခွင့်လေး..ရချင် ပြီ..."
ကျွန်တော်က အပျိုကြီးနှင့် ပတ်သက်ပြီး
ပူဆွေးနေ ရသ လောက်..ချစ်နက်က ခွေး
မ လေးနှင့် အိမ် ဘေးက ကောက် ရိုးပုံ
ထဲတွင် အချစ် အ ကြောင်း ဖောင် ဖွဲ့ 
ပျော်နေကြသည်။ချစ်နက်က ကျွန်တော့်ကို
ပူပူဆွေးဆွေးမြင် ရ တော့.. ခွေးမ လေးက
သ ခင် ကို ချစ်နေတဲ့ အ ကြောင်း အပျိုကြီး
ကသူဆီ မှာ ရင် ဖွင့် ပြီးပြီတဲ့၊၊ကျန်တာ
သ ခင့် အပိုင်းသာတဲ့၊၊
ခု ချိန်ထိ လူပျိုကြီး ဖြစ် နေသည်မှာ အချစ်
အ ကြောင်းကို မသိ၍ မဟုတ်။အချစ် အ
ထာကို တစ်လုံးမှ မသိ၊ အ ၍သာ။
အပျိုကြီးနှင့် ကျွန်တော့မှာ ချစ်သာ ချစ်
မကြင် ရ သော ဘဝ၊၊
"အဖြစ်သည်းလှချေလား မချစ်သဲရယ်..အဲ..
အပျိုကြီးရယ်..."
တစ်နေ့  နေဝင် စ ညချမ်းတွင် ချစ် နက်က
ရေးကြီးသုတ်ပြာ ကျွန်တော့်  ဆီ ပြေးလာ
ပြီး....
"သ ခင်...အပျိုကြီးကို ယောက်ျားပေးစား
တော့မယ်တဲ့၊၊ည နေ လာခိုးလို့ မှာလိုက်
တယ်...ည နေ ခိုးမှ ဖြစ်တော့မယ်..။မခိုး
ရင် သခင် တစ်သက်လုံး ငုတ်တုတ်တုတ်
ပလုပ် ပြုတ် အထီးကျန်တော့မယ်...။
သ ခင် အပျိုကြီးကို သွားပြောလိုက်ဦးမယ်"
ဟု ဆိုကာ အပျိုကြီးအိမ် ဘက် သို့ 
ပြေးသွားလေသည်။ချစ်နက်ကား ခွေးမ
လေးနှင့် ငွေလမ်း ဖောက်ပြီးသည် ဖြစ် ရာ
ကျွန်တော် နှင့် အပျိုကြီး..အိမ် ထောင် လမ်း
ဖောက်ဖို့ ရာ ကျန်တော့သည်။.ရတက်
တ ဗွေ နှင့် သည်းခြေ ပျက် မတတ် နှ
လုံးညှိုးကျမိသည်။ဒီည သူငယ်ချင်းအိမ်
သို့ မိန်းမ ခိုးလာမည်ဟု ပြောသောအခါ
ငတိ တွေ ပါးစပ် အ ဟောင်းသားနှင့် ဖွတ်
လို ငုတ်တုတ် မေ့သွားသဖြင့်  ဘီယာ
တိုက်မည် ပြောမှ သတိ လည်လာသည်။
"အာလူးသိုး ငရုတ်သီးသိုး ကြက်သွန်းသိုး
လူပျိုကြီး...ဒီတစ်ခါမှ တကယ် မှိုတက်ပြီး
ကင် ဆာဖြစ်ပြီကွာဟု လှောင် ကာ ချီး
ယား လုပ် လိုက် ကြသည်။အခန်း တစ်
ခန်း လုပ် ထားရန် သေ သေချာချာ မှာ
လိုက်သည်။
ကြာလှ ချေသည်။တစ်မိနစ် တိုင်း မှာ
နှလုံးခုန် နှုန်း တစ် ရာ ကျော် နေသဖြင့်
ရင် ဘတ်ကို ရေခဲ ထုတ်ဖြင့် အသာလေး
ဖိထားရသည်။
"ချစ်နက်...ဟုတ်မှ ဟုတ်သေးရဲ့  လား"
"သခင် က မိန်းမ ရကာနီးမို့  ကြာတယ်
မှတ် နေတာ....ဟော့ ..လာပါပြီ..."
ချစ်နက်က သူ့ ခွေးမ လေးကို အတင်းဖက်
တော့ ကျွန်တော်က အပျိုကြီးကို ဖက်
ရ ကောင်း မလား။နမ်းရ ကောင်းမလား
တွေဝေ နေမိသည်။ အပျိုကြီး အရှက် ပို
နေပုံမှာ ချစ်စရာ တော့ အ ကောင်းသား။
လက် ကို ဆွဲပြီး သူငယ်ချင်း အိမ်သို့ ခေါ်
လာခဲ့သည်။သူငယ်ချင်း အိမ်ကို ရောက်
တော့ ခြံက အပွင့်သားမို့  ဝင် ကာ လှေ
ကားမှ တက်လိုက်သည်။အိမ် တံခါးက
လည်း ဖွင့်ပြီးသား။အခန်း တစ်ခန်းတွင်
စာ ကပ် ထားသည်။ဖတ် ကြည့်လိုက်တော့
"သူငယ်ချင်း ငါတော့ အိပ်ပြီ။အဲဒီ အခန်းမှာ
ဝင် အိပ် ပေ တော့..။ကျန်တဲ့အပိုင်းက
တော့.....ဟဲ...ဟဲ....''
သည်မျှသာ။အပျို ကြီးတော့ ရှက်ပြုံး
တစ်ပိဿာနဲ့ ၊၊မျက် နှာ လွဲထားသည်။
အခန်းထဲကို ရောက် တော့ အပျိုကြီးက
အိပ် ရာထဲ ဝင် အိပ်သည်။ကျွန်တော်က
ဝင် အိပ် ရ မလိုလို။တစ်သက်လုံး..
တစ်ယောက်တည်း အိပ် လာတာ။ခုကျမှ။
သို့ လော သို့ လော အ တွေးတွေ ပ
လောင် ဆော် နေ သောကြောင့် ပါလာ
သော ဘီယာဗူးကို ဖွင့် မော့သည်။ချစ်နက်
ကလည်း အနားကို လာပြီး တိတ်တဆိတ်
ဝင် ချသည်။ဒီကောင် က မူးလာသည်နှင့်
အိမ် ထောင် ရေး အ ကြောင်းတွေကို
ဖောက်ချသည်။ကျွန်တော်လည်း အဆက်မ
ပြတ် ထပ် သောက်။ချစ်နက်ကလည်း ထပ်
ချ။တစ်ယောက်ကို တစ်ယောက် မမှတ်မိ
ကြ တော့။မူးမူး နှင့် ဘယ်နေရာမှန်းမသိ။
ဝင် အိပ် မိတော့သည်။မနက် အာရုံ ကျင်း
လို့  မျက်လုံးလေး ဖွင့် ကြည့်လိုက်တော့-
ခွေးမ လေးက တစ်နေရာ၊ကျွန်တော်က
တစ်နေ ရာ၊ချစ်နက်နှင့်  အပျိုကြီးက တစ်
နေရာ အသီးသီး ဖြစ်နေ ကြ တော့သည်။

စောတင်မောင်(ကျန်းမားရေး)

အရောင်းအဝယ်

ရောင်းရန် ရှိသည်။
၁။အချစ်
၂။အလွမ်း
၃။အသည်း(ခံစားတတ်)
၎။ခံစားချက်
၅။နာကျင် မှု
၆။ကြေကွဲမှု
ဝယ် ရန် အလို ရှိသည်။
၁။အေးချမ်းမှု
၂။မေတ္တာ
ဝယ်မယ့်ရောင်းမယ့်သူရှိရင် အချိန်မ ရွေး
(အိပ်ရေးပျက်ပါစေ)ဆက်သွယ်နိုင် ပါတယ်။
ပုံ /စောတင် မောင်

ဦးခိုက်ပါတယ်

မ်မိပါသည်...စိတ်အလျဉ်လည်း..တွေဝေ
မိန်းမော..တုန်လှုပ်ခဲ့လေပြီ..တွေ့ ၍မြင်
သည်...မြင် ၍ လည်းတွေ့ ..ထပ်ခါမဆုံး.ကြုံ
ပြန်တော့လည်း..နှလုံးသားမှ..ချစ်ကြိုင် အဟုန်
...လှုပ်ခတ်လို့ နေ...ငါဘယ်လိုတား...မေ့ရ
တော့မလဲ...ဝန်ခံရ စေ...ချစ်ပါ၏ဟု..မယိုင်
စိတ်နှင့်..တည်ဆောက်ဝင့်ကာ..ချစ်သံစဉ်ကို..
မင်းအနားမှာ..သီဆိုချင် မို့ ..လက်ခံပေးပါလား
ကွယ်...။
ရင် လည်းခုန်ဆင်း..လွမ်းတ မှန်းရည်..အချိန်
တိုင်းဝယ်..ကြီးစိုးမိုးလွှမ်း...မင်းပုံရိပ်က...
တန်ခိုးသဏ္ဍန်..ထက်လှပါတကား....။
အကြိမ်ကြိမ်နှယ်...နွှဲခဲ့သမျှ..သည်တစ်ချီတော့
..မင်းဖဝါးအောက်...ချစ်ကျွန်ဖြစ်နှင့်..ကျရှုံး
ရုံမှ...နားခိုတစ်ခြား...မရှိပြန်လေရာ။

အစ်ကို့ရည်စား

ရွာမှာ ကျွန်တော် တစ်ဖက်သတ် ချစ်နေတဲ့
ကောင် မ လေးတစ်ယောက် ရှိတယ်။သူက
ကျွန်တော့်နှလုံးသားထဲမှာ သခင် မ တစ်
ယောက်ပေါ့။ဒါပေမယ့်ဗျာ တွေးလိုက်တိုင်း
စိတ် ပင် ပန်းရတယ်။သူ့ကို အစ်ကို ဝမ်းကွဲ
ကလဲ ချစ်နေတယ်။အစ်ကို နဲ့ ရည်စားမဖြစ်
သေးပေမယ့် မလုချင် ဘူး။မုန့်ကို လုစား
ချင် တယ်။ရည်စား ကျတော့ မလု ချင် ဘူး။
သူကို တွေ့လိုက်တိုင်း စိတ် ပင် ပန်းရတယ်။
အချစ်ဦးတုန်းကလဲ သူငယ်ချင်းအတွက် ဆို
ပြီး နောက် ဆုတ်ခဲ့မိတယ်။ဒုတိယ တစ်
ယောက်ကလဲ ပြန်မကြိုက်လို့  မေ့လိုက်
တယ်။တတိယတစ်ယောက်ကျပြန်တော့
လည်း ပြိုင် ဘက်တွေ များလို့ ထွက်စာ
တင် လိုက်တယ်။ရွာက ကောင် မ လေးကျ
တော့ အစ်ကို့ဥစ္စာမို့ တမင် ချန်ထားတာ။
မြှားဦးက အဲဒီဘက်ကို လှည့်ချင် နေပြန်
တယ်။အစ်ကိုကလဲ ကျွန်တော်လိုပဲ၊၊ချစ်
္တတတ်လိုက်တာ။ချစ်တာ ဘယ်နှစ်ယောက်
ရှိမှန်းကို မသိတော့ဘူး။အချစ်ကို ဖယ်ပြီး
တိုင်းပြည် လူမျိုး မိသားစု အတွက် ဘဝကို
ပေးဆပ်ဖို့ ဆုံးဖြတ်လိုက်လို့ အစ်ကို့ ကို
ပဲ ဦးစားပေးလိုက်တော့မယ်။
လူပျိုကြီးများ ဖြစ်တော့မလား မ ပြောတတ်
တော့ပါဘူးဗျာ။

ညီလေး

အိမ်ကို မပြန်ဘဲ တစ်နှစ်လောက် နေလိုက်
တယ်။ကျောင်းပိတ်လို့ အိမ်ကို ပြန်တော့
ညီနှစ် ယောက်က လူပျိုပေါက်စ တောင်
ဖြစ် နေပြီ။ဒါတင် ဘယ်ကမလဲ၊၊ညအိပ် ရာ
ဝင် တော့ အ မေ "သားလတ်နဲ့ သားငယ်
ကို စာပြလိုက် '"လို့  ပြောတယ်။ဒါနဲ ကျွန်
တော်က ညီနှစ်ယောက်ကို ကြိုက်တဲ့ ခေါင်း
စဉ်နဲ့ စာစီစာကုံး ရေးခိုင်းလိုက်တယ်။
တစ်နာရီလောက် ကြာလို့  ဘာရေးထားလဲ
ကြည့်လိုက်တော့ အချစ်ဦးဆိုပြီး ခေါင်းစဉ်
နဲ့ စာစီကုံးထားကြတယ်။တော် တော် ခြေ
လှမ်းသွက် နေကြပါလား။
မနက် အာရုံမကျင်းမီ ထ တော့ ဒီနှစ် ကောင်
မရှိတော့ဘူး။ခ ရေပွင့် သွားကောက် နေကြ
တယ် လေ။ဦးကျော် ရဲ့  သမီးနှစ် ယောက်
နဲ့ အ ဆင် ပြေ နေကြတာကိုး။ကျွန်တော်
သိသွားတော့ ခပ် တည်တည်ပဲ၊၊အ မေက
လဲ ဘယ် လောက် ပြောပြော မရလို့  လွတ်
ထားပြီးပြီ။
တက္ကသိုလ် မှာ ရည်စားရှိလားလို့  မေးတော့
အေး အင်း မင်းတို့လောက် တော့ အ ပျော့ပဲကွာ။လို့  ဖြီးထားရတယ်။သိက္ခာ တော့ အကျ မခံနိုင် ဘူးလေ။

အချစ်ဆိုတာ ခွေးတောက်ရွက်လို

အချစ်ဆိုတာ ခွေးတောက် ရွက်လို

အချစ်ဟာ ခါးတယ်၊ချိုတယ် လို့ပြောရင် တစ်
ဝက် အ ကျော်ကြီးက ချိုတယ်လို့ပြောပြီး တစ်
ဝက်အနည်းအကျဉ်းက ခါးတယ်လို့ ပြောကြ
လိမ့်မယ်။
ကျွန်တော်အတွက်က တော့ အချစ်ဟာ ခွေး
တောက် ရွက်ပါ။ခါးတယ်။ဒါပေမယ့် ဟင်းချို
လုပ်လိုက် ရင် ကောင်းတယ်။ခါးခါးကြီးနဲ့ကို
ကြိုက်သွားတယ်။ဒီလိုပါပဲ၊၊
အချစ် ခါးမခါး ဆန်းစစ် ရ အောင်။ကျွန်တော်..
က ထပ်ဆင့်အကယ်ဒမီ ခံစားဖူးသမို့ အက်ဗား
ခါးတယ်။ခံစားရတာလဲ ခါးတာပါပဲ၊၊
အသည်းကအခါးမျက် ရည်တောင် ကျဖူးတယ်။
နောက်တစ်ခါ နောက်တစ်ယောက်ကို မချစ်
တော့ဘူးလား ဆိုပြန်တော့လဲ မငြင်းဘူး။ချစ်
မိပြန်တယ်။အခါးအရှိန် ရ နေတဲ့အ
သည်းဟာ အခါးခံစားချက်ကိုပဲ စွဲလမ်းနေတယ်။
ခါးခါးသက်သက်နဲ့ ခံစားရပြန်တယ်။
ကြေကွဲမှုအခါးကို ကြိတ်မှိတ် ခံစားရင်း ခါးသီး
စွာ မေ့လိုက် လိုက် ရတယ်။မ မေ့ရင် ပြန်မ
ကြိုက် တဲ့အပြင် အသည်းက ကျွမ်းပြီး ကုမရ
တဲ့ အဖန် အ ဆင့်ကို ရောက်သွားလိမ့်မယ်။
ချစ်သူ တစ်ယောက်လောက် ရှာမလား စဉ်း
စားမိတယ်။စိတ် က ခါးခနဲ့ သိမ့်သိမ့် ခံစားရ
တယ်။ကိုယ်က ဗလ မရှိ၊ဇက ရှိလား မရှိလား
တောင် မသိ ရှာဘူး။သူများလို ပွင့်ပွင့်လင်း
လင်း မကြိုက် ရဲဘူး။ကိုယ်က ပွင့်လင်းမြင် သာ
စွာ ကြိုက် လိုက် ရင် သူများနောက်ကို ပါသွား
တာ ချည်းပဲ။အချစ်နဲ့ ပတ်သက် လာရင် မနာ
လိုသူတွေ တပုံကြီး။ဒါကြောင့် မပွင့်မလင်း အုံ
ပုန်းပဲ ကြိုက်တော့တယ်။
သိုသိုသိပ်သိပ် ပုန်းပုန်းဘဝနဲ့ကြိုက် ရတာ
လဲ ဆိုးသနဲ့၊၊ကိုယ်က ကြိတ်မှတ်ကာ စိတ် ထဲ
က ချစ်ပုန်းခုတ်တုန်း သူများနဲ့ စွံ့သွားတာက
တော်တော် ခက်တယ်။ကြုံရဖန် များတော့လဲ
အမြဲတမ်း အခါးအဆင့်ကို အလိုအ လျောက်
ရောက်သွားရတာပါပဲ၊၊
အခါးသက်သာအောင် လို့အချစ်အခါးကို
ခဏ ရပ် ထားပါတယ်။ခုခေတ်က ကောင် မ
လေး ချောချောလေးတွေ ထွက်မှထွက်သနဲ့၊၊
ကျွမ်းသွားလို့ မဖြစ် သေးဘူး။အချစ်ကို စိတ်
နာရင် အဖိုး က အ မွေဖြတ် သွားလိမ့်မယ်။
အဖိုးက တော့ အချစ်မျိုးဆက် ပြန့်ပွားရေးကို
ချီတက် ရင်း သားသမီး ငါးယောက်နဲ့ တိုက်ပွဲ
ကျသွားတဲ့ အချစ်သူရဲကောင်းပေါ့။အဖိုးက
တော့ အချစ်ဟာ ထာဝရ ချိုတဲ့ လူစားမျိုးပဲ၊၊
ကျွန်တော်နဲ့က ပြဒါးတစ်လမ်း၊သံတစ်လမ်း
ပဲ။ဒါကြောင့် အဖိုးက ရွာနောက်ပိုင်းအိမ်မှာ
နေလို့ကျွန်တော်က ရွာအ ရှေ့ပိုင်းအိမ်မှာ နေ
တယ်။အ ရှေ့တစ်ပိုင်း၊အ နောက်တစ်ပိုင်းပဲ၊၊
အချစ် ခါးမခါး လူပျိုကြီးများသမဂ္ဂကို သုတေ
သန လုပ်ကြည့်တော့ ခါးတယ် ဆိုတာ ချည်း
ပဲ၊၊ဒါပေမယ့် မုန်းလား ဆိုလဲ မမုန်းပြန်ဘူး။ခါး
သက်သက် လေးကို ကြိုက် ကြတာချည်းပဲ၊၊
လူပျိုကြီးတွေ ဘုမသိ ၊ဘမသိနဲ့ လူပျို သိုးဘ
ဝ ကို ရောက်လာကြသူတွေ များတယ်။အများ
စုက တော့ အချစ်ဟာ ခါးတယ်ဆိုတဲ့ ဒဿန
နဲ့ လာကြသူတွေ၊၊အလုပ် လုပ် ရင်း အသက်
ကြီးလာမှန်းမသိ ကြီးကာ အသီးအမှည့်လွန်
ဘဝကို ရောက်လာကြသူတွေ။အချစ်ခါးတဲ့
သီးသန့်အုပ်စုတွေ ဖြစ်တယ်။
လူငယ်တွေက တော့ အချစ် ဟာ အမြဲချိုတဲ့
သူတွေပေါ့။အချစ်ဟာ နှလုံး၊အချစ်ဟာ အ
သည်း၊အချစ်ဟာ ဘဝ ၊အချစ် ဟာ အသက်၊
အချစ် မရှိရင် သေနိုင် တယ်.အချစ်က.....
အဲလိုလူမျိုးတွေ၊၊ကိုယ်ကလည်း အဲဒီထဲကလာ
တာကြောင့် အပြစ် တော့ မ ပြောရဲ၊၊ကိုယ့်ကို
ကိုယ် ပြန်ပတ်မှာ ကြောက် ရ သေး။ဒီသူတွေ
က ချိုရင်းနဲ့ ခါးလာမယ့်သူလောင်းလေ တွေ
ပေါ့။
အဖိုးကြီးတွေကို မေးကြည့်ပြန်တော့ ခါးတယ်
လို့မဟုတ်ဘူး။ချိုတာလည်း မဟုတ်ပြန်ဘူး။
ကြားနေ အိုကြီးအဘိုးအိုတွေ၊၊အ မေးကို အဖိုး
ကြီးလူလည်အတတ်ပညာနဲ့ မလိမ့်တပတ်
လှည့်လဲ လှည့်နိုင် ကြတယ်။
အရက်သမားကျပြန်တော့လည်း အထူးအဆန်း
တွေ ကြားရတယ်။အချစ်နဲ့ အရက် ဘာကို ရွေး
မလဲဆိုရင် အရက်ကိုပဲ ရွေးမယ်။အချစ်..ဘာ
လုပ်မှာလဲ အမြည်းလောက်တောင် မ ကောင်း
ဘူး...အဲလိုဖြေတာ.......။
အိမ်ထောင် ရှင် တွေက နှဟ်ဖက်ချွန် သမား
တွေ ဖြစ်နေကြ ရော့။အိမ်သူသက်ထားရှေ့မှာ
အချစ်က ချို...သိပ်ချို...အားကြီးချို...ပြော
တယ်။ကွယ် ရာကျပြန်တော့လည်း..ခါး....သိပ်
ခါး...အားကြီးခါး...အဲလိုပြောပြန်တယ်။အချွန်
အတက် ကလည်း များသပါ့။ဘာကို အတည်
ယူရင် အမှန် ဖြစ်မှန်မှန်း မသိလို့ အခါးခံစား
ချက်နဲ့ဆုံးဖြတ်လိုက်တာ။ခါးသွားတယ်။
က လေးများက ချိုမယ်လို့ ထင် ကြတယ်။
ဒါပေမယ့် အချစ်ဆိုတာ ဘာမှန်း မသိကြ သေး
ဘူး။သူတို့ခဗျာလဲ အချစ်ဆိုတာ အလုံးလား
အချွန်လား ဘာနဲ့တူလဲလို့ ခန့်မှန်း ရတဲ့ဘဝ၊၊
အချစ်ကို သိဖို့ အသက်ကြီးဖို့ စောင့်နေကြတဲ့
တဲ့ အချစ် ကမ္ဘာမှ က လေးလေးတွေပါ။
ချစ်သူ ရှိတဲ့ဘဲတွေက နှစ်ဖက်ခွန်တောင် အ
ရှုံးပေးရတဲ့ သုံးဖက်ချွန် လူစားမျိုးတွေ ဖြစ်
နေပြန်တယ်။တစ်ခါတ လေ...အချစ်က ချို
တယ်...သကာလိုချို...ထန်းလျက်လိုချို..သ
ကြားလိုချို...လို့ပြောတယ်။တစ်ခါတ လေ...
ကျပြန်တော့လဲ..အချစ်က ခါး...တမာလိုခါး..
ကြက်ဟင်းခါးသီးလိုခါး..သဖန်းသီးလိုခါး..
သိပ်ခါးတယ်ကွာလို့ ညည်းပြန်တယ်။ဒီလူတွေ
ကပဲ တစ်ခါတ လေ...အချစ်ဟာ ဘာမှ မ
ဟုတ်ဘူး..ချိုလဲမချိုဘဲ..ခါးလဲမခါးဘူး...ဒီ
အတိုင်းပဲ ပြောပြန်ရော့။တတ်လဲတတ်နိုင် တဲ့
ငနဲ့လေးတွေ၊၊
ဒါကြောင့် ပြောတာပေါ့။အချစ်က ချိုလဲချို
တယ်..ခါးလဲခါးတယ်..။အချစ်နဲ့ပတ်သက်လို့
အချစ်ဟာ အစမှာ ခါးပြီး နောက်ပိုင်းမှာ
ခါးတဲ့သူ တွေ များနေတယ်။ကျွန်တော်က
လူပျိုကြီးဖြစ်လာမယ့် လက်သစ် လေးမို့
ခါးတဲ့ ဘက်ကပဲ၊၊ဘက်လိုက်တတ်တယ်။
ဒါပေမယ့် မကြိုက်ဘူးလား။မ ပြောဘူး။
ကြိုက်တယ်။ဒါကြောင့် ပြောတာပေါ့။အချစ်
ဟာ ခွေးတောက် ရွက်ပါလို့........။

စောတင် မောင်(ကျန်းမာရေးတက္ကသိုလ်)

သံစဉ်

..အချစ်.....
သံစဉ်တစ်ခုနဲ့ တေးတစ်ပုဒ်ကို
ရေးစပ် လိုက်တယ်။
သီဆိုမယ့်သူ...မရှိ.........။
တေးသွားဟာ စာရွက် ပေါ်မှာ
ပြန့်ကျဲလို့.............။
မိုးက အချိန်ခါမဲ့.....
ရွာ ချလာတယ်.........။
အချစ် တေးသွားလေး...
စာရွက် လက်ပေါ်မှာပဲ
နွမ်းလျခဲ့ရပြီ....

အချစ်စိတ်

မျှော်လင့်ချက် အလင်းရောင် လေးကို မျှော်လင့် ရင်း ဖမ်းဆုပ်ကိုင်းရင်း ကြိတ်မှိတ် မျိုသိပ် ကာ အချစ် ကို သိမ်းထားခဲ့တယ်။ရင် ဘတ်ထဲက အချစ်ဟာ တိတ်တဆိတ်နဲ့ ပွားပွားလာမှန်းကို သတိမပြုမိခဲ့။သူ့ကို ချစ် နေပြီဟု စိတ်ထဲမှ ဝန်မခံရဲသေး။ဘဝ၏ ကံဆိုးမှုအောက် မှာ ရုန်းကန် ရင်း အချစ်ကို မစွန်းထင်းစေချင် ခဲ့၊၊သူ့ကို ချစ် နေပါပြီဟု ကိုယ့်ကိုယ်ကို ဝန်ခံလိုက် ချိန်မှာတော့ အရာ အားလုံးဟာ ကြေကွဲဖို့ ဖန်လာပြီ။သူနဲ့ပတ်သက်လို့ ခံစားချက် များဟာ ရေခဲ အရည်ပျော်သလို ဖြည်းဖြည်း ချင်း ပြိုဆင်းလာခဲ့ပြီ။ငါ...အချစ်ကို တားမရ တော့ပါ။နောင် တ ရလိမ့်မယ် ဆိုတဲ့ အသိ ၊သတိဟာလဲ လက် မြှောက် အရှုံးပေးရပြီ။အချစ်ဟာ အရှိန် ပြင်းပြင်းနဲ့ နှလုံးသားကို ပြေးဆောင့် နေတယ်။မခံနိုင် တော့ပါ။ငါ့မျက်ဝန်းတို့ ငိုကြွေးရပြန်တယ်။ပါးပြင် ပေါ် တစ်စက်ချင်းလိမ့်ကျလာတဲ့ မျက် ရည် စက် တွေကို ယုယရင်း စိတ် ရှိသ လောက် ငိုကြွေးလိုက်ပါကွာ လို့ အားပေးနေမိတယ်။သူတို့တွေဟာ အချစ် ရဲ့ ဓားစာခံ ဖြစ် ပြန်တယ်။ဘယ်သူမှ အသိအမှတ် မပြုတဲ့ အပယ်ခံ မျက် ရည်လေးတွေ ကောင်းကင် ပေါ်သို့ ပူပူဆွေးဆွေး ပျံတက် သွားကြတယ်။ငါ...သိပ် သနားတာပဲ၊၊သူတို့ကို နူတ်ဆက် မယ့် သူတွေတောင် မရှိပါလား။

မင်းတို့သွားကြပါ...ငါ့ရင် ထဲက ကြေကွဲမှုတို့ကို ယူသွားကြပါ....
တောင်းပန်ခယပြီး ကြေကွဲမှုကို လက် ဆောင် ပေးလိုက် သည်။သူတို့ရဲ့ နာကျင် သံကို ကြားရ တော့ ရူးမတတ် ခံစားရတယ်။

သူတို့ သွားလေပြီ။သူတို့က ငါ့ကို သင် ခန်းစာ ကောင်းကောင်း ပေးသွားခဲ့တယ်။အချစ်ဟာ ကြောက် စရာပါလား...ငါ ကြောက် တယ်..သိပ် ကြောက်တယ်...
အသည်းတစ်ခုလုံး တုန်လှုပ် မြည်းဟီးသွားအောင် အော် ပစ်လိုက်တယ်။အသည်းဟာ ဟန်ဆောင် ကောင်းစွာနဲ့ အချစ်ကို စိတ်နာရင်း ရပ် တည်နေ ပြန်သည်။
နှလုံးသားက အချစ်ဟာ ငါ့အတွက် တော့ အဆိပ် အဆိပ် ပါပဲလေ။ငါ...ဆက်ကိုးကွယ် နေရင် ခံနိုင် တော့မှ မဟုတ်ဘူး။..................
မင်းကို ငါ မေ့လိုက် တော့မယ်ကွာ။မင်းကို မ မေ့နိုင် ရင် တောင် မှ မကိုးကွယ်တော့ပါ ..
မင်း နေ ချင် သလိုသာ နေပါတော့...
စောတင် မောင် .....
ရင် မှ ဝေဒနာ တေးအဖြစ်နဲ့ မျှောလွင့်ကြ စေသား။

တမာနှယ်

ချစ်နွယ်လျကို
ပွေးပိုက်ပြီး မြေပေါ်မှတမာရွက်အနွမ်းကို
ကောက်ယူလိုက်သည်။

နွမ်းသူက နွမ်းလို့
ပွင့်သူက ပင်ပေါ်မှာ အလှတွေ စီကာဆင့်၍
အစွမ်းကုန် ဖူးပွင့်နေပါသည်။

ရင်မှ အချစ်
တမာတို့ပွင့်သည့်ပမာ..အသည်းညှာတွင်
ထွက်ပေါ် စွင့်ဝင့်နေပါသည်။

လေက စစ်ချီ၍
တမာအလှကို ဖျက်စီးရန် ချီရွယ်လို့လာနေ
တမာတို့မကြောက်ဘဲ လေဝှေ့ရာ ဝှေ့ကာ
အားမာန် တင်းပြနေသည့်နှယ်..အချစ်တို့
တမာမာန်ကို တုယူမူပြီး .....နိဒါန်းအပြိုင်
အလွမ်းကို ပွားများကြလေလော့။