နွေဦးရာသီပေတကား။နွေဦး၏မနက်ခင
တွင် လေရူးများ..ငြိမ်သက်လျက် ရှိကြပါ
သည်။မနက်ခင်းသည် မအေးမပူသောသရ
ဖူကို ဆောင်းထားပြီး ကျန်းမာရေးတက္ကသိုလ်
ကို ရောင်ခြည်လာစေရန် ဦးခိုက်ထားလေ
သည်။သည်နေ့...ငြိမ်သက်လှချေတကား
တမာရွက်နုများ....ပင်ပေါ်တွင် အလှဆင်
တုန်း။လက်ပံပွင့်တို့...ကြွေကျလ
မြဧရာ ခန်းမဆောင်ဘေးရှိ လက်ပံပင်သည်
သူ၏အလှတရားကို တစ်ရစ်ချင်း တစ်ပွင့်
ချင်း၊အဆုပ်လိုက်ချင်း ခြွှေချနေလေသည်။
ကြွေကျခဲ့သောလက်ပံပွင့်များသည် မြေ
ပေါ်တွင် ငြိမ်သက်အေးချမ်းစွာ ရှိကြပေ
သည်။လက်ပံပင်သည် သားသမီးများဖြစ်
သောလက်ပံပွင့်များအတွက် သားသမီးပင်
ဖြစ်သော်ငြားလည်း ဓမ္မတာအတိုင်း ခွဲခွာ
ရခြင်းအပေါ် စိတ်မကောင်းမဖြစ်တော့ပါ။
လောကရဲ့နိယာမ သဘောကို ဆုပ်ကိုင်ထား
သည်။တရားသဘောနှင့် ယှဉ်၍ နောက်ဆုံး
မနွမ်းခင်အဆင့်တွင် မေတ္တာဓာတ်ကို အစွမ်း
ကုန် ပွားနေပါသည်။
ကျွန်တော်တို့ဘဝတွင် ခွဲခွာရခြင်းဆိုသည်
မှာ သိပ်မဆန်းကြယ်တော့ပါ။တက္ကသိုလ်တက
ရန် အိမ်ကို ခွဲခွာခဲ့ရသည်။ဇာတိကို ခွဲခွာခဲ့ရ
သည်။လွမ်းလိုက်လေခြင်း...သတိရလိ
လေခြင်း...။အချိန်တန်၍ အိမ်ပြန်လျှင် လွမ်း
ဆွတ်သတိရခြင်းများသည် နှစ်သက်ဖွယ်အ
ဖြစ် ပြောင်းလဲကြတော့မည်မှာ မလွဲပေ။
သြော်...ဆရာမတွေ...ပြောင်းရွြေ့
မည်ပေါ့........
တကယ် စိတ်မကောင်း ဖြစ်မိပါသည်။ကျွန်
တော်တို့အားလုံးသည် အရာအားလုံးကို ခွဲ
ခွာ၍ တက္ကသိုလ်လာတက်သည့်အခါ တက္က
သိုလ်ကြီးကို အိမ်သဖွယ် မှီခိုလာသည်။ဆရာ
/ဆရာမများကို မိခင်ဖခင်သဖွယ် ဦးထိတ်
ထားမိပါသည်။အခုတော့....သည်မိဘတေ
တစ်ခြားနေရာတစ်ခုသို့ ပျံသန်းကြရတော့
မည်။တွယ်တာ ဖြစ်မိခဲ့သော သံယောဇဉ်
တွေ....။ခွဲခွာရခါနီးမှ ဘယ်လောက်အတိုင်း
အတာအထိ တွယ်တာနေမှန်းကို သိရတော့
သည်။
သံယောဇဉ်ဟာ အပူမီးတဲ့၊၊
ပူပါစေ။ပုထုဇဉ်တို့၏နှလုံးသားတွ
သံယောဇဉ်များဖြင့် အလှဆင် ထားရသည်။
ဖက်တွယ်၍ ငြိမ်းချမ်းမှုကို ကုပ်တွယ်ရသည်။
သံယောဇဉ်သည်သာ မရှိလျှင် ကျွန်ူပ်တို့ဘ
ဝ..မအေးချမ်းနိုင်ပါ။သံယောဇဉ်ဆိ
အဆက်မပြတ် တွယ်ကပ်နေပါသည်။
ယခုတော့..သံယောဇဉ်တို့ တွယ်ကပ်ခွင့်
ကင်းရတော့မည်.......
ဆရာမများကို ကန်တော့ရသောအခါ စိတ်
ထဲတွင် နောက်ဆုံးအကြိမ်ဆိုတာကို သံယော
ဇဉ်များသိနေကြသဖြင့် တုန်လှုပ်နေပါသည်။
တပည့်တို့တွင် အပြစ် ရှိလျှင် သည်းခံခွင့်
လွတ်ကြပါ..ဆရာမတို့ရယ်.....
အပြစ် မရှိသော်ပင်ငြားလည်း ရှင်သာရိပုတ္တ
ရာတောင် ပင် ပရိနိဗ္ဗာန်ဝင် ခါနီး ဘုရားရှင်
ကိုဝန်ချခဲ့ပါသည်။ဝန်ခံလိုက်ခြင
နှစ်ဖက်စိတ်တွင် ပီတိအစဉ်နှင့် ပကတိကြည်
လင်သွားရပါသည်။
ဘယ်ဘာသာတရားနှင့်ပင် ရှုရှု ၊ဝန်ခံမှု
သည် ပကတိကြည်လင်မှုကို ဖြစ်စေပါသည်။
.....ဆရာမတို့လည်း ပကတိ ကြည်လင်
အေးမြမှုကို ရကြပါစေသား......
ဆရာမတို့.....မျက်ရည်ကျခဲ့ရပါသည
သည်မျည်ရည်တွေသည် ဆရာမတို့၏
သံယောဇဉ်အတိုင်းအတာကို ဖော်ပြနေပါ
သည်။
လေးနက် နက်ရှိုင်းလှပါသည်...ဆရာမ
တို့ရယ်.......
ကျွန်ုပ်တို့၏နှလုံးသားကိုယ်စီတ
များအတွက် မေတ္တာဆုကို ပွားများမိပါသည်။
ဝမ်းနည်းမှုကိုလည်း ဖြစ်ခဲ့ရသည်။ဝမ်းနည်း
မှုထက် ခွဲခွာရခြင်းအတွက် နှမြောတွယ်တာ
ခြင်းဆိုလျှင် ပိုမှန်ပါသည်။
သို့သော် ဆရာမတို့အတွက် ကျွန်တော်
တို့အားလုံး...ပျော်ရွင်ပါသည်။ဆ
ရဲ့ပြောင်းရွေ့မှုသည် မင်္ဂလာရှိသော ပြောင်း
ရွေ့မှု ၊သာလွန်ကောင်းမွန်သော ပြောင်းရွေ့
ခြင်း ဖြစ်၍ ထပ်တူ ဝမ်းသာစိတ်ပင် ဖြစ်ရပါ
သည်။
နေရာသစ်တွင် တပည့်သစ်တွေနှင့် သံယော
ဇဉ်သစ် တို့ ဖြစ်လာလျှင် ကျွန်တော်တို့ကို
လွမ်းဆွတ်မနေဖို့ ဆရာမတို့ကို ခွင့်ပန်ပါရ
စေ။
ဆရာမတို့ကို လွမ်းဆွတ်စိတ်ဖြင့် မပင်ပန်း
စေလိုပါ။ဆရာမတို့၏ ခွဲခွာခြင်းအတွက်
ကျောင်းတော်ကြီးနှင့် ကျောင်းဝန်းရှိသက်ရှိ
သက်မဲ့ အရာအားလုံးသည် ကောင်းချီးပေး
လျက် ရှိပါသည်။
ဆရာမတို့ ...ကောင်းကျိုးချမ်းသာအစုစု
နှင့် မုချပင် ပြည့်ပါလိမ့်မည်....
ကျွန်တော်တို့အားလုံးသည် နောင်တစ်ချိန်
တွင် လူထုကို အကျိုးပြုပြီး သင်ကြားပေးခဲ့
သော ဆရာ ဆရာမတို့၏ပီတိ သောဘနာ
ကို ဝေစေပါမည်။
...ဆရာမတို့..သုခ ချမ်းသာအဖြာဖြာနှင့်
ပြည့်စုံကြပါစေသား.....
စောတင်မောင်(UCH)
No comments:
Post a Comment