Saturday, March 1, 2014

အချစ်ဒသနများ

ဒဿနများ
၁။အချစ်ဟာ စိတ်လှုပ်ရှားစေတယ်။အချစ်
စစ်ကတော့ သက်ဝင်လှုပ်နေတယ်။

၂။နှလုံးသားဟာ လမိုက်ညမှာ အချစ်ကို ဖန်
ဆင်းမိလို့ အမှောင်ရဲ့တိုက်ခိုက်မှုကို
ကြုံရပြီး ခံစားရလေတယ်။

၃။မင်းကြောင့် ငါ့နှလုံးသားဟာ အချစ်ကို
ခံစားနိုင်ခွင့် မဲ့ရလေပြီ။

၎။အချစ်ဆိုတဲ့သင်္ကေတကို မင်းရဲ့ရင်ခွင်
ထက်မှာ ကမ္ဗည်းမတင်မီ မျက်ရည်တွေနဲ့
အဆုံးမသတ်ရစေနဲ့၊၊

၅။ရင်ထဲမှာ ဖူးပွင့်မိခဲ့တဲ့ပန်းတစ်ပွင့်ဟာ ရင်
ကို အဆိပ်သင့်စေခဲ့ပြီ။

၆။ငါ...မမက်ချင်တဲ့အချစ်အိပ်မက်ဟာ ငါ့ရဲ့
အားလပ်တဲ့မှေးစက်ချိန်မှာ နိုးထလာခဲ့တယ်။

ရ။ဝမ်းနည်းမှုတွေကြားက ပျော်ရွင်မှုကို ရတဲ့
ခိုက်မှာ နှလုံးသားတစ်စုံဟာ နွမ်းလျက်နေ
ပြီပေါ့...။

၈။သစ်ရွက်ကြွေလေးတွေ..ပြန်လည်နုပျိုမှု
ကို မရနိုင်တော့မှန်းသိတဲ့အတွက် မြေကြီး
ကိုပဲ ဝမ်းနည်းစွာ နမ်းရှိုက်နေတော့တယ်။

၉။အချစ်သီချင်းကို အဆုံးသတ်မိတဲ့အခါ နှ
လုံးသားလက်တစ်စုံက နာကျင်မှုကို ဆုပ်
ကိုင်ထားမိတယ်။ဖြေလျော့ဖို့ လက်ကိုဖြန့်
လိုက်ပြန်တော့လဲ...လက်ချောင်းလေးတို့
က ချိတ်တွယ် ထားပြန်တယ်။

၁ဝ။"မင်းကို မေ့ဖို့ခွန်အားကို မင်းဆီက ရ
လိုက်တာပါ "လို့ အဆိပ်သင့်နေတဲ့ ပိတုန်း
က ပန်းပွင့်ကို နောက်ဆုံးစကား ခြွှေခဲ့တယ်။

၁၁။မင်းဆီက မျှော်လင့်ချက်အလင်းရောင်
ကို မတွေ့ရတဲ့ခါ...အမှောင်ကို မကိုးကွယ်
တတ်သောကြောင့် ပင်ပန်းနွမ်းခွေရတယ်။

၁၂။ရိုးရှင်းတဲ့ဝတ်ဆင်မှုမှာ လွတ်လပ်တဲ့
စတိုင် ရှိတယ်။

၁၃။အချစ်ကောင်းကင်ယံမှာ မေတ္တာစစ်ကို
ရှာဖွေမိတယ်။ပထမဆုံး ရလိုက်တာက
ကြွေကွဲမှုပင်။

၁၄။အချစ် ပန်းပွင့်လေးရယ် ...
နှလုံးသားမျက်ရည်ကို သောက်သုံးပြီး ဖူးပွင့်
ဖို့ဆန္ဒကို ခွင့်ပြုခဲ့ရင်တောင်မှ ကံတရားအ
တိုင်းပဲလို့ မထင်မှတ်စေချင်။

၁၅။တိတ်တဆိတ် ငြိမ်သက်နေရတဲ့ နှလုံး
သား အချစ်ကြောင့် သက်ဝင်လာရတယ်။
အချစ်ရဲ့တုံ့ပြန်ရုန်းကန်မှုမှာ နာကျင်ရတယ်။

၁၆။" ကောင်မလေးရယ်..မင်းကို နေရာတိုင်း
မှာ လိုက်ရှာမိတယ်။ဒါပေမယ့် အရာတိုင်းရဲ့
လှောင်ပြောင်ခြင်းကိုသာ ခံရတယ်" လို့
မျက်ဝန်းတို့က ညည်းတွားနေကြတယ်။

၁၇။မင်းရဲ့အပြုံးတစ်ချက်ဟာ နှလုံးသားအား
ကြည်နူးမှုကို ခေတ္တဖြစ်စေခဲ့ပေမယ့် ခံစား
ရခြင်းကိုကား ကြာရှည်စေခဲ့ပြီ။

၁၈။အသည်းကွဲခြင်းဆိုတဲ့အဓိပ္ပါယ်ကို နား
မလည်ချင်ပါ။ကောင်းစွာ သိနေလို့သာ စိတ်
ခြောက်ခြား တုန်လှုပ်မိတယ်။

၁၉။ဝပ်တွားခယ ကျိုးနွံ့မှုနဲ့ မင်းရဲ့အချစ်ကို
လက်ခံလိုတယ်။လောင်ကျွမ်းနေတဲ့ နှလုံး
သားနဲ့ မင်းအချစ်ကို ပိုင်ဆိုင် ရလိုတယ်။

၂ဝ။ကောင်မလေးရယ်.....တစ်ချိန်က မေ့
ပစ်ခြင်းဆိုတာ...ကိုယ့်အတွက် အဖော်မွန်
မဟုတ်ခဲ့ပေမယ့် ခုချိန်မှာတော့ ကိုးကွယ်
ရာ သူရဲကောင်းတစ်ဦးပါလေ။

၂၁။စိတ်ကူးသစ်တို့...အချစ်ကြောင့် နိုးကြား
လာခဲ့ရတယ်။တိတ်တဆိတ်ကား အချစ်အ
တွက် ဓားစာခံ ဖြစ်ခဲ့ရပြီ။

၂၁။နှလုံးသားအိမ်ကို အခြေတည်ပြီး အချစ်
ဂေဟာလေးကို တည်ဆောက်ပြီးတဲ့နောက်
မှာ နာကျင်ကြေကွဲမှုတို့က ပြောင်းရွေ့ နေ
ထိုင်လာကြတယ်။

၂၂။အင်ကြင်းအဖူးအပွင့်ဟာ ဆောင်းသခင်
ရဲ့ကြင်နာသနားမှုကို တောင်းခံကြတယ်။
နောက်ဆုံးတော့ အကြွင်းအကျန်အဖြစ်သာ
တည်မြဲခွင့် ရလေတယ်။

၂၃။နှလုံးသားဟာ ပျော်ရွင်မှု ၊ဝမ်းနည်းမှု
လို့ခေါ်တဲ့တစ်စုံတစ်ယောက်ကို စောင့်မျှော်
နေတယ်။ထိုသူရောက်လာတဲ့အခါ ပျော်ရွင်
မှု မပါတာကြောင့် သွက်သွက်ခါအောင် ရူး
သွပ်ကြေကွဲလေတော့တယ်။

No comments:

Post a Comment