Saturday, March 1, 2014

အချစ်စိတ်

မျှော်လင့်ချက် အလင်းရောင် လေးကို မျှော်လင့် ရင်း ဖမ်းဆုပ်ကိုင်းရင်း ကြိတ်မှိတ် မျိုသိပ် ကာ အချစ် ကို သိမ်းထားခဲ့တယ်။ရင် ဘတ်ထဲက အချစ်ဟာ တိတ်တဆိတ်နဲ့ ပွားပွားလာမှန်းကို သတိမပြုမိခဲ့။သူ့ကို ချစ် နေပြီဟု စိတ်ထဲမှ ဝန်မခံရဲသေး။ဘဝ၏ ကံဆိုးမှုအောက် မှာ ရုန်းကန် ရင်း အချစ်ကို မစွန်းထင်းစေချင် ခဲ့၊၊သူ့ကို ချစ် နေပါပြီဟု ကိုယ့်ကိုယ်ကို ဝန်ခံလိုက် ချိန်မှာတော့ အရာ အားလုံးဟာ ကြေကွဲဖို့ ဖန်လာပြီ။သူနဲ့ပတ်သက်လို့ ခံစားချက် များဟာ ရေခဲ အရည်ပျော်သလို ဖြည်းဖြည်း ချင်း ပြိုဆင်းလာခဲ့ပြီ။ငါ...အချစ်ကို တားမရ တော့ပါ။နောင် တ ရလိမ့်မယ် ဆိုတဲ့ အသိ ၊သတိဟာလဲ လက် မြှောက် အရှုံးပေးရပြီ။အချစ်ဟာ အရှိန် ပြင်းပြင်းနဲ့ နှလုံးသားကို ပြေးဆောင့် နေတယ်။မခံနိုင် တော့ပါ။ငါ့မျက်ဝန်းတို့ ငိုကြွေးရပြန်တယ်။ပါးပြင် ပေါ် တစ်စက်ချင်းလိမ့်ကျလာတဲ့ မျက် ရည် စက် တွေကို ယုယရင်း စိတ် ရှိသ လောက် ငိုကြွေးလိုက်ပါကွာ လို့ အားပေးနေမိတယ်။သူတို့တွေဟာ အချစ် ရဲ့ ဓားစာခံ ဖြစ် ပြန်တယ်။ဘယ်သူမှ အသိအမှတ် မပြုတဲ့ အပယ်ခံ မျက် ရည်လေးတွေ ကောင်းကင် ပေါ်သို့ ပူပူဆွေးဆွေး ပျံတက် သွားကြတယ်။ငါ...သိပ် သနားတာပဲ၊၊သူတို့ကို နူတ်ဆက် မယ့် သူတွေတောင် မရှိပါလား။

မင်းတို့သွားကြပါ...ငါ့ရင် ထဲက ကြေကွဲမှုတို့ကို ယူသွားကြပါ....
တောင်းပန်ခယပြီး ကြေကွဲမှုကို လက် ဆောင် ပေးလိုက် သည်။သူတို့ရဲ့ နာကျင် သံကို ကြားရ တော့ ရူးမတတ် ခံစားရတယ်။

သူတို့ သွားလေပြီ။သူတို့က ငါ့ကို သင် ခန်းစာ ကောင်းကောင်း ပေးသွားခဲ့တယ်။အချစ်ဟာ ကြောက် စရာပါလား...ငါ ကြောက် တယ်..သိပ် ကြောက်တယ်...
အသည်းတစ်ခုလုံး တုန်လှုပ် မြည်းဟီးသွားအောင် အော် ပစ်လိုက်တယ်။အသည်းဟာ ဟန်ဆောင် ကောင်းစွာနဲ့ အချစ်ကို စိတ်နာရင်း ရပ် တည်နေ ပြန်သည်။
နှလုံးသားက အချစ်ဟာ ငါ့အတွက် တော့ အဆိပ် အဆိပ် ပါပဲလေ။ငါ...ဆက်ကိုးကွယ် နေရင် ခံနိုင် တော့မှ မဟုတ်ဘူး။..................
မင်းကို ငါ မေ့လိုက် တော့မယ်ကွာ။မင်းကို မ မေ့နိုင် ရင် တောင် မှ မကိုးကွယ်တော့ပါ ..
မင်း နေ ချင် သလိုသာ နေပါတော့...
စောတင် မောင် .....
ရင် မှ ဝေဒနာ တေးအဖြစ်နဲ့ မျှောလွင့်ကြ စေသား။

No comments:

Post a Comment