အချစ်က မျက်လုံးမပါတဲ့၊၊
ဒီကောင် တော်တော် သနားစရာ။
ခုခေတ်မှာ ဆိုရင် ဆိုင်ကယ်တိုက်၊
ကားတိုက်ခံရလိမ့်မယ်။
ဟိုတစ်နေ့က အချစ်ကို ကမ်းနား
လမ်းမှာ တွေ့လိုက်ရတယ်။ဒီကောင်
က မျက်လုံးသာ မပါတာ။ဘောစိပဲ၊၊
မြှားနတ်မောင်ကို သက်တော်စောင့်
ငှားထားပုံ ရတယ်။မြှားနတ်မောင်က
လဲ သိတယ်မလား။စုတ်စုတ်ပြတ်ပြတ်
နဲ့ ၊၊အကျီင်္တောင် မတတ်နိုင် ရှာဘူး။
ဒဲာဒီနေ့က ကမ်းနားလမ်းမှာ အတွဲသစ်
တွေကို မတွေ့၊၊ဘယ်တွေ့မလဲ၊၊
ငမြှားရှင်က ဘိုင်ပြတ်ပြီး မြှားမှ မဝယ်
နိုင်တော့တာ။ကွဲပြဲသွားတဲ့ အတွဲတွေ
ရဲ့ မြှားဟောင်းကို လိုက်ကောက်နေတာ။
အစွမ်းက သိပ်မထက်တော့။
အချစ်ဆိုတာ တော်တော် သနားဖို့ကောင်း
တဲ့ကောင်ပါကွာ။
No comments:
Post a Comment