Saturday, March 1, 2014

ပူဆွေး

နှလုံးသားမှာ တိတ်တဆိတ်
တွယ်တာမိ သံယောဇဉ်
တစ်နေ့ နာကျင် မှာသိလျက်
မစွန့် ပစ် ရက်ခဲ့ဘူး........။
ရင် မှာသိမ်းဆည်းထပ်ပွားရင်း
အချစ်ကို ...........အရူးအမူး
ကိုးကွယ်မိခဲ့တယ်.......။
ဒါပေမယ့် ရခဲ့တဲ့ ဆုလာဘ်
နာကျင်ခြင်း ....... အတွက်
ပြင် ဆင် ခွင့် မရခဲ့ဘူး...။
ကျေနပ် ပါတယ်..
အချစ်မှာကြည်နူးမှု နဲ့ ကြေကွဲမှု
တစ်ခုခုကို သိရှိပြီးသားပါ ။
တိတ်တဆိတ်ကျ..မျက် ရည်ကို
သူ သိစရာ မလိုပါဘူး....။
အချစ်နတ်ဆိုးကို ပူဇော်ခြင်းသာ
သက်သက်သာ ဖြစ်တယ်....။
ပြီးဆုံးသွားတဲ့ ငါ့နှလုံးသားကို
အသက် အသွင်းချင် တော့ပါ..။
လူနာတစ်ယောက်လို ခံစားရတိုင်း
ဝမ်းနည်းပူဆွေးနေရတာကို
မကြည့်ရက် နိုင် တော့ပါ....။

No comments:

Post a Comment