Saturday, March 1, 2014

ညီလေး

အိမ်ကို မပြန်ဘဲ တစ်နှစ်လောက် နေလိုက်
တယ်။ကျောင်းပိတ်လို့ အိမ်ကို ပြန်တော့
ညီနှစ် ယောက်က လူပျိုပေါက်စ တောင်
ဖြစ် နေပြီ။ဒါတင် ဘယ်ကမလဲ၊၊ညအိပ် ရာ
ဝင် တော့ အ မေ "သားလတ်နဲ့ သားငယ်
ကို စာပြလိုက် '"လို့  ပြောတယ်။ဒါနဲ ကျွန်
တော်က ညီနှစ်ယောက်ကို ကြိုက်တဲ့ ခေါင်း
စဉ်နဲ့ စာစီစာကုံး ရေးခိုင်းလိုက်တယ်။
တစ်နာရီလောက် ကြာလို့  ဘာရေးထားလဲ
ကြည့်လိုက်တော့ အချစ်ဦးဆိုပြီး ခေါင်းစဉ်
နဲ့ စာစီကုံးထားကြတယ်။တော် တော် ခြေ
လှမ်းသွက် နေကြပါလား။
မနက် အာရုံမကျင်းမီ ထ တော့ ဒီနှစ် ကောင်
မရှိတော့ဘူး။ခ ရေပွင့် သွားကောက် နေကြ
တယ် လေ။ဦးကျော် ရဲ့  သမီးနှစ် ယောက်
နဲ့ အ ဆင် ပြေ နေကြတာကိုး။ကျွန်တော်
သိသွားတော့ ခပ် တည်တည်ပဲ၊၊အ မေက
လဲ ဘယ် လောက် ပြောပြော မရလို့  လွတ်
ထားပြီးပြီ။
တက္ကသိုလ် မှာ ရည်စားရှိလားလို့  မေးတော့
အေး အင်း မင်းတို့လောက် တော့ အ ပျော့ပဲကွာ။လို့  ဖြီးထားရတယ်။သိက္ခာ တော့ အကျ မခံနိုင် ဘူးလေ။

No comments:

Post a Comment