ချစ်နက် ကား ကျွန်တော့်အချစ်တော် ခွေး
ဖြစ်သည်။လမ်းဘေးမှာ ချမ်းရှာလွန်း၍
တဂိဂိ အော်မြည်နေ သော ခွေးငယ်က ဘဝ
ကို အမှတ် ရ စေသည်။တစ်ချိန်က ကျွန်
တော့ဘဝ လဲ တွယ် တာရာ ကင်းမဲ့စွာ
အထီးကျန် ပါသည်။ဘဝတူ ခွေးအဖြစ်
ကို များစွာ သနားသဖြင့်  ကျွေးမွေးထား
သည်မှာခုဆိုလျှင် ချစ်နက်ကား ခွေးပျို ဖား
လျားကြီးပင် ဖြစ်နေပါပြီ။ကျွန်တော်ကား
သို့ တိုင် အောင် လူပျိုကြီးဘဝနှင့် အသား
ထုတ်တုန်း။သုံးဆယ်ကျော်မှ အရိုးထုတ်
ပါမည်။ချစ်နက်ကား ရည်စားတော်တော်
များသည်။ဟို ခွေးမ ကို တွဲလိုက်၊ဒီခွေးမကို
တွဲလိုက်၊အတည် မတွဲသကဲ့သို့  အ ပျော်
လည်း မကြံ။ကျွန်တော်က သူ့ ကို...
"ချစ်နက်..ဟိုခွေးမ ကို တွဲလိုက် ဖြုတ်လိုက်
နဲ့ သိပ် မ ကောင်းဘူးထင် တယ်။တို့ လို
တစ်ယောက်ဆို တစ်ယောက် ပိတောက်ဆို
သစ္စာ ရှိရှိ
တွဲပေါ့ ..ဟုတ်ဘူးလား..."
"သခင် ကလဲဗျာ ..သခင် တို့ အတွက်
တော့ ကောင်းပါတယ်။ခွေးမ လေးတွေက
တစ်ယောက်တည်းကိုသာ တွဲရင် မစွမ်း
ဘူး ၊သိပ် အထင် သေးတာ"ဟု ပြန် ပြော
တတ်သည်။
ဟိုဘက် ရပ်ကွက်က ခွေးထီးတစ်ချို့ ကျွန်
တော် ဆီလာပြီး ချစ်နက်က သူတို့ ရဲ့ အ
ချစ်တွေကို လာပိုးကြ ကြောင်း တိုင် ကြ
သည်။ဆုံးမ ပေးမည့် အ ကြောင်း ပြန် ပြော
လိုက် ရသည်။
ကြာလည်း ကြာလာရော့ ချစ်နက် ကို
ခွေးမ လေးတို့ က ချဉ်လာသည်။ပြန်မ
ကြိုက် ကြ တော့။ကျွန်တော် လမ်းထွက်
တော့..ခွေးအလှ ပ ဂေးတွေ၏ စောင်းပြော
သံ ကြားရသည်။
"ဟို မှာ လာနေတဲ့ စောတင် မောင် ရဲ့ 
ဘဲစုတ်ကြီးပေါ့။တို့ ကို ခေါက်သွားတယ်။
သူလဲ သူ့ သခင် လို လူပျိုသိုးကြီးပဲ ဖြစ်
မှာ"
ကြားက အ ချောင် ခံ နေရသည်။ချစ်နက်
နှင့် အတူ ခွေးပျိုမ လေး အသိုင်း အဝိုင်း
အလယ်မှာ မျက် နှာ မပြချင် တော့။ဒီ
ကောင့် ကို ဆုံးမ ဖို့  စိတ်ကူးလိုက်တော့
ထမင်း မစားတာ သုံးရက် ရှိပြီ။ပိန်လိန် လို့ ။
ပထမ နေ့ က ခွေးတင်းကုတ် အောက်
ထပ် မှ ငို သံ ကြားရသည်။ကျွန်တော်လည်း
စိတ်ဆိုးနေခိုက် မို့  မ ချော့မိ။သွားကြည့်
တော့ တမှိုင် မှိုင် တငိုင် ငိုင် နှင့် ကြိတ်
ဆွေးနေပုံ ရသည်။မျက် ဝန်းတောင့် မှ
မျက် ရည်သွင် သွင် စီးကျ လို့ ။ကျွန်တော်
မခံနိုင် တော့ပေ။ချော့ ရသည်။
"မခံစားပါနဲ့  တော့ ချစ်နက် ရယ်။အချစ်
ဆိုတာ နောက်ထပ် လဲ တွေ့ မှာပဲ ၊၊ဆွေး
နေလို့  ဘာထူးမှာလဲ၊၊နောက် တကယ် မ
ချစ်ဘဲ မတွဲ နဲ့  တော့.ကွာ.."
အားတက်စွာနှင့် ကျွန်တော့်ကို တစ်ချက်
ပြန်ကြည့်သည်။ပြီးတော့ အားငယ်စွာပင်-
"အရမ်း ခံစားရတယ်။နောက်ဆုံးတွဲခဲ့တဲ့ ပ
ဂေးလေးကို အရမ်း ချစ်တာ..။သူ က ချဉ်
ပြီး ပစ်သွားတယ်။အသည်းတော့ ကွဲပါပြီ
သ ခင် ရယ်။ချစ်နက်တော့ ရည်းစားတစ်
ယောက် တောင် မ ရ လောက်တော့ပါဘူး။ညံ့လိုက်
တာ။ပြန် ကြိုက်မည့်သူ သာ မရှိတော့
ခွေးဖြစ် ရှုံးပြီ"ဟု ဆိုကာ ဆွေးနေပြန်သည်။
"ဘာပဲ ဖြစ်ဖြစ် ထမင်းတော့  စားလိုက်ပါ။
မင်းကြိုက်တဲ့ ကြက်သားဟင်း ချက်လာ
တယ်"
သူ မြိန် ရေ ရှိက် ရေ စားရှာသည်။သူ့ 
ဝမ်းနည်းပုံက လည်း ကျွန်တော်ကို စောင်း
ပြော နေသလိုလို။ကျွန်တော်ကလည်းရည်း
စား တောင် မရတတ်ဘဲ ဖြစ်ချင်းဖြစ် သူ
မဖြစ်ဘဲ ကျွန်တော်ပဲ လူဖြစ် ရှုံးမှာ။ကြိတ်
ကာ ငိုချင် နေမိသည်။ကျွန်တော်ကလည်း
ကြင် ဖော် ရှာမရ ၍ မြှားနတ် မောင် ကို
ကိုးကွယ် ထားသည်။အိမ် နောက်ဘက် ရှိ
မြေကွက်တွင် ချစ်နတ် ရှင် အတွက် သီး
သန့်  နေရာ ဆောက်ပေးထားသည်။ နှလုံး
သားအတွက်ကိုးကွယ်ထားခြင်းသာ။
ကံကောင်းလာရင်နတ်မ လို့  ချစ်သူ
ရနိုင် သည်ပင် မဟုတ်လား။
တစ်ပတ်လောက် ကြာတော့ ချစ်နက်က
ခြေငြိမ်သွားသည်။ကျွန်တော် အလုပ်သွား
လျှင် အိမ် မှန်မှန် စောင့်သည်။တော်တော်
လိမ္မာပေသည်။
အ ကြောင်းကား နောက်မှ ဗောက်အိုး
ပေါက်သလို ပေါ်လာလေ တော့သည်။ဟို
ဘက် ရပ်ကွက်က ပြောင်းလာသောအပျိုကြီး
တို့ မိသားစု မှာ ပါလာသော ခွေးဖြူမ လေး
နှင့် မိတ်ဆွေ ဖွဲ့ နေတာကိုး။ချစ်နက်က
Talk Key ကောင်းတော့ ခွေးဖြူမ လေး
မျှော သွားလိမ့်မည်။။ရည်းစား ရ တော့မည် မှာ
သေချာသည်။ကျွန်တော့် တပည့်လို့  မ
ပြောရဘူး။သူက စန်းတက်သည်။ကျွန်တော်
က ဘူးထ....အဲ...အချစ် ပရိယာယ် ကြွယ်
ဝသည်။ဒါကြောင့် ကြိုက်မည့်သူ မရှိတာ။
ပြောမဆုံးပါ။ချစ်နက်...ခွေးမ လေးနှင့် ရည်း
စား ဖြစ်သွားရုံမက တိတ်တဆိတ်ပါ ညား
နေကြသည်။အပျိုကြီးက ထုံးစံအတိုင်း
အပျို ဂွကျ...သဖြင့် ချစ်နက် ကို မောင်း
ထုတ် သည်။ကျွန်တော် ချစ်နက် ဘက်က
ခံပြင်းပြီး မခံ ချင် ဖြစ်မိသည်။ဒါကို ချစ်
နက်က သိတော့ ကျွန်တော်ကို မြှောက်
ပေးသည်။အပျိုကြီး ဘယ်လောက် စိတ်
ကောင်းကြောင်း၊ချောကြောင်း လှကြောင်း
ကော်ပင့်သည်။
"စိတ်မ ဝင် စားပါဘူးကွာ။အပျိုကြီးဆိုတာ
ဂွအဖိုးကွာ။ရှက်တိုး ရှက်ကန်းနဲ့ ..တကယ့်
ကို မဆာလာ ကျတယ်"
ဒီကောင် က အောက်ကျ မခံ။တစ်မျိုး
လှည့်ပြန်သည်။
"သခင် က စွမ်းမှ မစွမ်းတာ...."
ပြောပြီး ခပ်တည်တည် ကျွန်တော် ပြော
မည့် စကားကို စောင့် နေသည်။ကျွန်တော်
လည်း ဒေါသ ဖြင့် ရောက်မိ ရောက် ရာ
တွေ့  ကရာ စွတ်၍ ရမ်းမိသည်။အ ချစ်
ရေးမှာ ကံခေ ပြီး လူပျိုကြီးဂုဏ်ကိုပင်
ညီတစ်ဖြစ်လဲ မွေးထားသော ချစ်နက်က
လှောင် လေပြီ။ရှက် စိတ်ဖြင့် အပျိုကြီးကို
ရ အောင် ယူပြမယ်ကွာ ဟု ကြုံးဝါးတော့
ချစ်နက်က ကခုန် မြူးတူးနေ တော့သည်။
ကျွန်တော် သိ ရ သ လောက်တော့ ချစ်
နက်၏ တိုက်တွန်းမှုကြောင့် သူ့ မိန်းမ ခွေး
ဖြူမ လေးသည်သူ့ သခင် မ အပျိုကြီးအား
ကျွန်တော် နှင့် အောင် သွယ်နေသည်ဟု
ကြားသည်။အပျိုကြီးနှင့် တွေ့ တိုင်း မခုန်
ဖူးသော ရင် မှာ စက်သေနပ်ကဲ့သို့  တ
လှပ် ခုန် ရသည်။အပျိုကြီးက လည်း
မခို့ တရို့ နှင့် အပြုံးပေးသွားသည်။ရှက်
လိုက်လေ...အပျိုကြီးရယ်..။
"အပျိုကြီးရယ်..မင်းကို ကိုယ်တော့ ချစ်မိ
ပြီ။နွယ်လို လှတဲ့ မင်းဆံနွယ်.ကို နမ်းရှိုက်
ခွင့်လေး..ရချင် ပြီ..."
ကျွန်တော်က အပျိုကြီးနှင့် ပတ်သက်ပြီး
ပူဆွေးနေ ရသ လောက်..ချစ်နက်က ခွေး
မ လေးနှင့် အိမ် ဘေးက ကောက် ရိုးပုံ
ထဲတွင် အချစ် အ ကြောင်း ဖောင် ဖွဲ့ 
ပျော်နေကြသည်။ချစ်နက်က ကျွန်တော့်ကို
ပူပူဆွေးဆွေးမြင် ရ တော့.. ခွေးမ လေးက
သ ခင် ကို ချစ်နေတဲ့ အ ကြောင်း အပျိုကြီး
ကသူဆီ မှာ ရင် ဖွင့် ပြီးပြီတဲ့၊၊ကျန်တာ
သ ခင့် အပိုင်းသာတဲ့၊၊
ခု ချိန်ထိ လူပျိုကြီး ဖြစ် နေသည်မှာ အချစ်
အ ကြောင်းကို မသိ၍ မဟုတ်။အချစ် အ
ထာကို တစ်လုံးမှ မသိ၊ အ ၍သာ။
အပျိုကြီးနှင့် ကျွန်တော့မှာ ချစ်သာ ချစ်
မကြင် ရ သော ဘဝ၊၊
"အဖြစ်သည်းလှချေလား မချစ်သဲရယ်..အဲ..
အပျိုကြီးရယ်..."
တစ်နေ့  နေဝင် စ ညချမ်းတွင် ချစ် နက်က
ရေးကြီးသုတ်ပြာ ကျွန်တော့်  ဆီ ပြေးလာ
ပြီး....
"သ ခင်...အပျိုကြီးကို ယောက်ျားပေးစား
တော့မယ်တဲ့၊၊ည နေ လာခိုးလို့ မှာလိုက်
တယ်...ည နေ ခိုးမှ ဖြစ်တော့မယ်..။မခိုး
ရင် သခင် တစ်သက်လုံး ငုတ်တုတ်တုတ်
ပလုပ် ပြုတ် အထီးကျန်တော့မယ်...။
သ ခင် အပျိုကြီးကို သွားပြောလိုက်ဦးမယ်"
ဟု ဆိုကာ အပျိုကြီးအိမ် ဘက် သို့ 
ပြေးသွားလေသည်။ချစ်နက်ကား ခွေးမ
လေးနှင့် ငွေလမ်း ဖောက်ပြီးသည် ဖြစ် ရာ
ကျွန်တော် နှင့် အပျိုကြီး..အိမ် ထောင် လမ်း
ဖောက်ဖို့ ရာ ကျန်တော့သည်။.ရတက်
တ ဗွေ နှင့် သည်းခြေ ပျက် မတတ် နှ
လုံးညှိုးကျမိသည်။ဒီည သူငယ်ချင်းအိမ်
သို့ မိန်းမ ခိုးလာမည်ဟု ပြောသောအခါ
ငတိ တွေ ပါးစပ် အ ဟောင်းသားနှင့် ဖွတ်
လို ငုတ်တုတ် မေ့သွားသဖြင့်  ဘီယာ
တိုက်မည် ပြောမှ သတိ လည်လာသည်။
"အာလူးသိုး ငရုတ်သီးသိုး ကြက်သွန်းသိုး
လူပျိုကြီး...ဒီတစ်ခါမှ တကယ် မှိုတက်ပြီး
ကင် ဆာဖြစ်ပြီကွာဟု လှောင် ကာ ချီး
ယား လုပ် လိုက် ကြသည်။အခန်း တစ်
ခန်း လုပ် ထားရန် သေ သေချာချာ မှာ
လိုက်သည်။
ကြာလှ ချေသည်။တစ်မိနစ် တိုင်း မှာ
နှလုံးခုန် နှုန်း တစ် ရာ ကျော် နေသဖြင့်
ရင် ဘတ်ကို ရေခဲ ထုတ်ဖြင့် အသာလေး
ဖိထားရသည်။
"ချစ်နက်...ဟုတ်မှ ဟုတ်သေးရဲ့  လား"
"သခင် က မိန်းမ ရကာနီးမို့  ကြာတယ်
မှတ် နေတာ....ဟော့ ..လာပါပြီ..."
ချစ်နက်က သူ့ ခွေးမ လေးကို အတင်းဖက်
တော့ ကျွန်တော်က အပျိုကြီးကို ဖက်
ရ ကောင်း မလား။နမ်းရ ကောင်းမလား
တွေဝေ နေမိသည်။ အပျိုကြီး အရှက် ပို
နေပုံမှာ ချစ်စရာ တော့ အ ကောင်းသား။
လက် ကို ဆွဲပြီး သူငယ်ချင်း အိမ်သို့ ခေါ်
လာခဲ့သည်။သူငယ်ချင်း အိမ်ကို ရောက်
တော့ ခြံက အပွင့်သားမို့  ဝင် ကာ လှေ
ကားမှ တက်လိုက်သည်။အိမ် တံခါးက
လည်း ဖွင့်ပြီးသား။အခန်း တစ်ခန်းတွင်
စာ ကပ် ထားသည်။ဖတ် ကြည့်လိုက်တော့
"သူငယ်ချင်း ငါတော့ အိပ်ပြီ။အဲဒီ အခန်းမှာ
ဝင် အိပ် ပေ တော့..။ကျန်တဲ့အပိုင်းက
တော့.....ဟဲ...ဟဲ....''
သည်မျှသာ။အပျို ကြီးတော့ ရှက်ပြုံး
တစ်ပိဿာနဲ့ ၊၊မျက် နှာ လွဲထားသည်။
အခန်းထဲကို ရောက် တော့ အပျိုကြီးက
အိပ် ရာထဲ ဝင် အိပ်သည်။ကျွန်တော်က
ဝင် အိပ် ရ မလိုလို။တစ်သက်လုံး..
တစ်ယောက်တည်း အိပ် လာတာ။ခုကျမှ။
သို့ လော သို့ လော အ တွေးတွေ ပ
လောင် ဆော် နေ သောကြောင့် ပါလာ
သော ဘီယာဗူးကို ဖွင့် မော့သည်။ချစ်နက်
ကလည်း အနားကို လာပြီး တိတ်တဆိတ်
ဝင် ချသည်။ဒီကောင် က မူးလာသည်နှင့်
အိမ် ထောင် ရေး အ ကြောင်းတွေကို
ဖောက်ချသည်။ကျွန်တော်လည်း အဆက်မ
ပြတ် ထပ် သောက်။ချစ်နက်ကလည်း ထပ်
ချ။တစ်ယောက်ကို တစ်ယောက် မမှတ်မိ
ကြ တော့။မူးမူး နှင့် ဘယ်နေရာမှန်းမသိ။
ဝင် အိပ် မိတော့သည်။မနက် အာရုံ ကျင်း
လို့  မျက်လုံးလေး ဖွင့် ကြည့်လိုက်တော့-
ခွေးမ လေးက တစ်နေရာ၊ကျွန်တော်က
တစ်နေ ရာ၊ချစ်နက်နှင့်  အပျိုကြီးက တစ်
နေရာ အသီးသီး ဖြစ်နေ ကြ တော့သည်။
စောတင်မောင်(ကျန်းမားရေး)
No comments:
Post a Comment