Saturday, March 1, 2014

တမာနှယ်

ချစ်နွယ်လျကို
ပွေးပိုက်ပြီး မြေပေါ်မှတမာရွက်အနွမ်းကို
ကောက်ယူလိုက်သည်။

နွမ်းသူက နွမ်းလို့
ပွင့်သူက ပင်ပေါ်မှာ အလှတွေ စီကာဆင့်၍
အစွမ်းကုန် ဖူးပွင့်နေပါသည်။

ရင်မှ အချစ်
တမာတို့ပွင့်သည့်ပမာ..အသည်းညှာတွင်
ထွက်ပေါ် စွင့်ဝင့်နေပါသည်။

လေက စစ်ချီ၍
တမာအလှကို ဖျက်စီးရန် ချီရွယ်လို့လာနေ
တမာတို့မကြောက်ဘဲ လေဝှေ့ရာ ဝှေ့ကာ
အားမာန် တင်းပြနေသည့်နှယ်..အချစ်တို့
တမာမာန်ကို တုယူမူပြီး .....နိဒါန်းအပြိုင်
အလွမ်းကို ပွားများကြလေလော့။

No comments:

Post a Comment