လှလို့ဝေစီ.....ဆင့်ကာဖြာဆင်း
ကျက်သရေတိုး...တက္ကသိုလ်လည်း
ရှုလိုက်တိုင်းယဉ်...စွင့်ကားဝင်
ဂုဏ်ဖော်လို့ နေလေသည်။
ကောင်မလေးရယ်...စိန်ပန်းနှင့်နှ
မွှေးလွှသည့်နှယ်..မင်းပြုံးမျက်န
မြင်ရတိုင်း၌ .........စိတ်ကထူမွှန်
မွန်းကျပ်သဖြင့် ..မဆိုတတ်ပင်
ရင်မှာ ဝမ်းနည်းလာလေသည်။
ချစ်သည်အရမ်း ဆထက်ချစ်သည်
ထိုမှတပါး .......သည်းမှာစကား
မညည်းတွားတတ်..စကားမူရာ
ချို့တဲ့နွမ်းလျာ ...ရွက်ရော်ပမာ
နူတ်ဆိတ်ခဲ့တတ်လေသည်။
တမာတို့ဖူး.............ရွက်နုေ
ပင်ကိုယ်လက်တက်..ကိုင်းငယ်ပေါ်မှ
တွယ်တာခင့်၍..ပြုံးပျော်ရွင်ကျေ
ရှိကြပါလျက်.....ကိုယ့်တွင် တမူ
မင်းကိုကြင်မိ.....ချစ်စိတ်ကြော
ဆွေးစိတ်ငယ်လာလေသည်။
စောတင်မောင်
No comments:
Post a Comment