ရင်ကို ထုဆစ်ပြီး အချစ်စာသားကို
ခံစားဖန်တီးလိုက်တယ်။
တေးသွားကို ရှာရင်း ကာရံလည်း
ပျောက်ကွယ်သွားပြန်တယ်။
ဘယ်နေရာများ ရောက်သွားပါလိမ့်
ဘယ်မှာများ ပုန်းကွယ်နေပါလိမ့်။
ရှာရင်း ရှာရင်းနဲ့ ပင် သံစဉ်လည်း
ဆိတ်ခဲ့ပြန်ပြီ။
မိုးက အချိန်အခါမဲ့ ရွာချလာတယ်။
မှင်စာသားဟာ စာရွက်ပေါ်မှာပဲ
နွမ်းလျ ကြေမွသွားပြန်ပြီ။
အရပ်ပတ်လည်ချာမှာ ဝဲလည်လည်နဲ့
ဘယ်မှာစာသား..ဘယ်မှာသံစဉ်......
အရာခပ်သိမ်း ငုပ်လျှိုးလေပြီ.....။
No comments:
Post a Comment