Saturday, March 1, 2014

အရမ်းချစ်တယ်တဲ့

နှလုံးသားက ပေါက်ဖွားလာတဲ့အချစ်ကို
ဘယ်လိုတားဆီးရမလဲ၊၊ကိုယ် မတားချင်။
ချစ်မိတဲ့စိတ်တွေ....တိုးချင် သလောက်
တိုးပါစေတော့။လွတ်ထားလိုက်တယ်။
တဖြည်းဖြည်းနဲ့ ရူးရူးမူးမူး ချစ်လာမိတယ်။
မင်းမျက်နှာလွှာကို ခဏဖြစ်ဖြစ် မြင်ရရုံနဲ့
ကျေနပ်တယ်။သိမ်းထားရင်းနဲ့ ပိုတွယ်တာ
လာတယ်။
ကိုယ်...ခံစားနေရပြီ။နောင်တ မရပါ။မင်း
ဆီကကြားရမယ့် စကားသံကို မျှော်မှန်းပြီး .
ကြောက်နေမိတယ်။ကြေကွဲမှုလား........
နာကျင်မှုလား..ချစ်မိတဲ့ နှလုံးသားဟာ
ကြေကွဲနာကျင်ဖို့ အသင့်ပါ။
မျက်ဝန်းမှာ မျက်ရည်ဥတို့ တွဲခိုစ ပြုနေပြီ။
ဘယ်အချိန် နွမ်းရမလဲ၊၊ဘယ်အချိန် ကြွေရမ
လဲ....။စိတ်ခံစားချက်ဟာ အချစ်ရဲ့လွှမ်းမိုးမှု
အောက်မှာ လုံးဝကျရှုံးနေပြီ။ဘာပဲ လုပ်လုပ်
..မင်းကိုချစ်တဲ့စိတ်ကသာ အုပ်စိုးမင်းမူလို့
နေတယ်။
အသည်းလဲ ဆွံအနေပြီ။စကားတစ်ခွန်းက
လွဲလို့ ဘာမှ မပြောတတ်တော့ဘူး။သူ...အဲ
ဒီစကားကိုပဲ အချိန်တိုင်း ပြောနေပါတယ်။
မင်းကို အရမ်းချစ်တယ်တဲ့၊၊

No comments:

Post a Comment