Saturday, March 1, 2014

သင်္ကြန်

သင်္ကြန်ကို
မနှစ်သက်ပါ။
ဒါပေမယ့်...
အားပေးပါတယ်..။
သက်ြန်ရောက်ရင်
ရေမလောင်းပါ။
သင်္ကြန်ရောက်ရင်
နေ့လည် ၁၂နာရီမှ
ထတယ်။
နောက်ပြီး
အချစ်ကွဲ အထိမ်းအမှတ်ကို
တစ်ယောက်တည်း
ကျင်းပတယ်။
တစ်ချိန်က
ငါအသည်းတို့
သက်ြန်ပျိုရဲ့
အမုန်းကျိန်စာကြောင့်
ဗီလိန် ဖြစ်ခဲ့ရတယ်။
သင်္ကြန်မှာ
အပြင် မထွက်တာ
၅နှစ် ရှိပြီ။
ရေစိုမှာ ကြောက်လို့။

No comments:

Post a Comment