Saturday, March 1, 2014

ဝန်ခံပါတယ်

အချစ်ကုဋေ
သူမသိစေဘဲ ရင်ထဲမှာအမြဲ
လျှို့လျှို့ဝှက်ဝှက်..သိမ်းထားတယ်။

သူ့ကို
ချစ်နေပါတယ်လို့ ဝန်မခံရဲသေး....
အချစ်ကြောင့် ငါ့နှလုံးသားလေး
မွန်းကျပ်ပူလောင်မှာ စိုးတယ်။

သူ့မျက်ဝန်းလေး
အကြည့်ခဏ ဖြန့်ကျက်ချိန်မှာ
ရင်တစ်ခုလုံး ထုံထိုင်းသွားရတယ်။

သူ့မျက်နှာအလှ
ကြည့်လို့မဝဘဲ ထာဝရသာ
မြင် ချင် နေမိတယ်။

စိတ်တစ်ဝန်းလုံး
သူ့ပုံရိပ်အောင်မှာ ကျရောက်လို့
မျှော်လင့်ချက် အမှောင်တန်းနဲ့
သူ့ကို အရမ်း ချစ်နေပါပြီ လို့
ဝန်ခံမိချိန်မှာတော့ အချစ်ကြောင့်
ခံစားလာရတော့တယ်။

No comments:

Post a Comment